သတင်းများ

ဘီးလင်းမြို့နယ်ဇုက္ကလိ​ကျေးရွာ၌ကောက်စိုက်စက်ဖြင့်နွေစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်
Dec 21,2021
သထုံခရိုင်၊ ဘီးလင်းမြို့နယ် ဇုက္ကလိကျေးရွာတွင် ကောက်စိုက်စက်ဖြင့် နွေစပါး စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက တောင်သူ ဦးမောင်ထွေး၏ ကွင်းအမှတ် ၂၆၂ ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြေပုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 21,2021
ရခိုင်ပြည်နယ် မြေပုံမြို့နယ် အတွင်း အသက် ၁၈ နှစ် နှင့် အထက် ပြည်သူ ၁၄၄၉၀ ဦး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ်(ဒုတိယအကြိမ်) ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဆေးထိုးသတ်မှတ် စုရပ်အသီးသီးတွင် စနစ်တကျ စတင်ထိုးနှံပေးလျက်ရှိကြသည်။
ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ"အိုမီခရွန်"ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်
Dec 21,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်း မျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေး  နှိုးဆော်မှုလုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ က အရှိန်အဟုန်မပြတ် နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် အသက်(၂၅)နှစ်နှင့်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ပထမနေရာလုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ
Dec 21,2021
ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၁ ခုနှစ်၊ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် အသက် (၂၅)နှစ်နှင့်အောက် အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအခမ်းအနားကို ယနေ့နံနက် ၈နာရီအချိန်တွင်စတင်ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီး၊ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီး များနှင့် ဇနီးများ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော်နှင့် တိုင်းအဆင့် ဌာနဆိုင်ရာများ ပြိုင်ပွဲဝင် အားကစားအသင်းများ၊ အုပ်ချုပ်သူများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။
ရန်ကင်းမြို့နယ်၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆို ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Dec 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community centre ခန်းမ၌ ယမန်နေ့နေ့လယ် ၂ နာရီအချိန်က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်( ၇)ရပ်ကွက်၌ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Dec 21,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ပြည်သူများ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုများ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အထများရရှိစေရန် ရည်ရွယ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ပြည်သူများထံသို့ စာအုပ်စာစောင်များအား နယ်လှည့်ကွင်းဆင်း ငှားရမ်းပေးလျက်ရှိကြောင်း သိရှိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အအထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲပြသ
Dec 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီက လွတ်လပ်ရေး၏ တန်ဖိုးနှင့်လွတ်လပ်ရေးအား ထိန်းသိမ်းတတ်စေရန်၊ လူငယ်များ အစဉ်ထာဝရမမေ့အပ်သော လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ပြသခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ် ဘူတာကျေးရွာရှိ အိမ်ထောင်စု (၂၀)စုအား အခြေခံစားသောက်ကုန်များ လှူဒါန်း
Dec 21,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ စိတ်ဓါတ်ဖြူစင်ကရုဏာရှင် လူမှုကူညီရေးအသင်းနှင့် မေတ္တာမီး အိမ် ပရဟိတအသင်းတို့ပူးပေါင်းပြီး ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းမှ လှူဒါန်းကူညီသည့် ဆန်၊ ဆီတို့ကို ယမန်နေ့ နေ့လယ် (၂)နာရီအချိန်ခန့်က နတ်​မောက်မြို့နယ်၊ နကျားထူးကျေးရွာအုပ်စု၊ ဘူတာကျေးရွာရှိ အိမ်ထောင်စု(၂၀)စုအား အခြေခံစားသောက်ကုန်များ လှူဒါန်းပေးခဲ့သည်။