သတင်းများ

ပုလောမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပုံမှန် ကာကွယ်ဆေးထိုးနှံ
Dec 03,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ယမန်နေ့ နံနက်(၈)နာရီက ကလေးငယ်များ နှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဆောင်ရွက်ခဲ့သည်။
သာစည်မြိုနယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ်အထက် ကျောင်းသား/သူ ၈၄၀၄ ဦး တို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်းသိရ
Dec 03,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြိုနယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြား လျက်ရှိ သည့် အသက် ၁၂ နှစ် နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို နိုဝင်ဘာ ၂၄ ရက်မှ စတင်၍ သက်ဆိုင်ရာ အခြေခံပညာကျောင်း ဆေးထိုးစုရပ်များတွင် ထိုးနှံပေးခဲ့ရာ အထက်တန်းနှင့် အလယ်တန်း ကျောင်းသား/သူ ၈၄၀၄ ဦး တို့အား Sinovac ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
ကျောက်ကြီးမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)မှ အခြေခံပညာကျောင်းများ၌ မိုင်းအန္တရာယ်အသိပညာပေး ဟောပြောပွဲပြုလုပ်
Dec 03,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် မအူပင်ဆိပ်ကျေးရွာအုပ်စု ကျောက်ခဲကြီး ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)မှ ယမန်နေ့ နေ့လယ် ၁ နာရီတွင် မိုင်းအန္တရာယ် အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့သည်။
ကျောက်တံခါးမြို့နယ် ရပ်ကွက်နှင့် ကျေးရွာများအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်
Dec 03,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ကိုဗစ်-၁၉  ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသိပညာပေး နှိုးဆော်မှုများအား  ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက  ကျောက်တံခါးမြို့ပေါ် (၅)ရပ်ကွက်နှင့် ဟာရီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ လူနေထူထပ်သည့် လမ်းဆုံလမ်းခွနေရာများတွင်  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် Hand Speaker ၊ Soung Box တို့ဖြင့် လိုက်လံနှိုးဆော်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘားအံမြို့လူထုအခြေပြုဗဟိုဌာနCommunity Centreခန်းမတွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်ဆွေးနွေးပွဲTalk Show ကျင်းပ
Dec 02,2021
ကရင်ပြည်နယ် ဘားအံမြို့တွင် ဒီဇင်ဘာလ ၃ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်ဆွေးနွေးပွဲTalk Showကို ဘားအံခရိုင်ထုလူထု အခြေပြု ဗဟို ဌာနCommunity Centre ခန်းမတွင်ယနေ့ နံနက်၁၁နာရီကကျင်းပပြုလုပ်ခဲ့သည်။
လှိုင်မြို့နယ်တွင် အသက်(၂၀)နှစ်အထက် ရပ်ကွက်နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Dec 02,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်၊ ယောဂီကျောင်းလမ်း၊ သိပ္ပံပစ္စည်း စက်ရုံ၀န်းရှိ ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ယနေ့နံနက် (၉:၀၀) အချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် (Sinopharm) ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ ကံမမြို့နယ် ခြောက်ပင်ကျေးရွာရှိ ဆောင်းမြေပဲသီးနှံ ဂျစ်ပဆန် ထည့်သွင်းခြင်း စံပြကွက်ကြည့်ရှုအားပေး
Dec 02,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ခြောက်ပင်ကျေးရွာတွင် စိုက်ပျိုးရေး ဦးစီးဌာနမှ ဆောင်ရွက်ထားရှိသည့် ဆောင်းမြေပဲသီးနှံ ဂျစ်ပဆန်ထည့်သွင်းခြင်း စံပြစိုက်ကွက်အား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများမှ ယနေ့ နေ့လည်က ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် ရေစီး​ရေလာ​ကောင်းမွန်​စေ​ရေး​နှင့် သန့်ရှင်းသာယာလှပရေးဆောက်ရွက်
Dec 02,2021
မြို့​တော်သန့်ရှင်းသာယာလှပ​စေ​ရေးနှင့် ​​ရေကြီး​ရေလျှံမှုများမဖြစ်​ပေါ်​စေ​ရေး အတွက် လုပ်ငန်းများ​ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် စည်ပင်သာယာ​ရေးဝန်ထမ်းများက(၁၅) ရပ်ကွက် ဗဟိုလမ်းအုတ်ကျင်းဘူတာရုံနှင့် ပိတောက်ချောင်း (ဗဟိုလမ်းဘေး)တွင် ရေစီးရေလာကောင်းမွန်စေရေး ရှင်းလင်းခြင်း လုပ်ငန်းများအား ယနေ့ နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။ အဆိုပါလုပ်ငန်းဆောင်ရွက်ရာတွင် အမှိုက်များ နုံးများ၊ ဆယ်ယူရှင်းလင်းခြင်း၊ ချောင်းဘေးရှိသစ်ပင်ချုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း အစရှိသည့် လုပ်ငန်းများကို စည်ပင်သာယာသန့်ရှင်းရေး လုပ်သာများ၊ ရေစီးရေလာ လုပ်သားများဖြင့်​ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။