ကျောင်းကုန်း ဒီဇင်ဘာ ၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးဝန်ကြီးဌာန၊ ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ်(၆)လ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း လျှပ်စစ်သံဂဟေဆက် သင်တန်းဖွင့်လှစ်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါ ကျေးလက်ရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက လျှပ်စစ်သံဂဟေဆက်ပညာဟာ အသက်မွေး ဝမ်းကျောင်းပညာဖြစ်လို့ ကြိုးစားပြီး လေ့လာသင်ယူကြဖို့၊ ကိုယ့်ရပ်ကိုယ့်ရွာမှာ ဒေသဖွံ့ဖြိုးရေး၊ လူမှုဘဝဖွံ့ဖြိုးရေးအတွက် အထောက်အက ပြုနိုင်မှာဖြစ်ကြောင်း ပြောကြားပြီး၊ မြို့နယ်သမဝါယမဦးစီးမှူး ဦးဝင်းထူးက မိမိတို့ဝန်ကြီး ဌာန၏ ရည်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ကျေးလက်ဦးစီးမှူး ဦးခင်ဇော်က လျှပ်စစ်သံဂဟေဆက် သင်တန်း ဖွင့်လှစ်ရခြင်း၏ရ ည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး၊ လျှပ်စစ်သံဂဟေဆက်သင်တန်းကို ဒီဇင်ဘာလ(၂၁)ရက်နေ့အထိ သင်တန်းကာလ ရက်(၂၀)ကြာ သင်ကြားပို့ချပေးမည်ဖြစ်သည်။ ကျေးရွာ(၁၀)ရွာမှ သင်တန်းသား(၂၀)ဦး တက်ရောက်ပြီး နံက် ၉ နာရီ မှ ညနေ ၄ နာရီအချိန်ထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)