ရန်ကင်း ဒီဇင်ဘာ ၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့ နယ်အမှတ် ၂ ရပ်ကွက်ရှိရန် ကင်းစံပြဈေးရုံအား စျေးရောင်းစျေးဝယ်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စျေးရောင်းချရေးကွင်ဆင်း ဆောင်ရွက်ခြင်းယနေ့မွန်းလွဲ (၁) နာရီကဆောင် ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းရာတွင်ရန်ကင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး၊ ဦးအောင်ကျော်ထွန်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့၊ ဈေးတာဝန်ခံ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတို့ပါဝင်သောအဖွဲ့မှ၊ ဈေးသူ/ဈေးသား များအား၊ လုံခြုံရေး၊ စည်းကမ်းရှိစွာ ရောင်းချရေး၊ ညအိပ်ညနေ၊မနေထိုင်ရေးနှင့်၊ ကျန်းမာရေးအညီ ရောင်းချရေးနှင့် ကျူးကျော်လမ်း ဘေးဈေးသည်များအား၊ ထပ်မံ့မကျူးကျော်ရေး စသည်တို့အား၊ မှာကြားပြီး စည်းကမ်းမလိုက်နာ ပါကဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
လှလှထွေး(ပြန်/ဆက်)