မော်လမြိုင် ဒီဇင်ဘာ ၇
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးမှ သစ်လွင် ဝန်ထမ်းများ အတွက် ဌာနတွင်းဘာသာရပ်ဆိုင်ရာ သင်တန်းဖွင်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက မော်လမြိုင်မြို့ ပြည်နယ် ခန်းမတွင်ကျင်းပခဲ့ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦး၊ လူမှုရေးရာဝန်ကြီး၊(လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ် ဦးစီးမှူး) ဦးတင်ချယ်၊ ပြည်နယ်၊ခရိုင်၊မြို့နယ်ရုံးတို့မှ တာဝန်ရှိသူများနှင့် သစ်လွင်ဝန်ထမ်းများ တက်ရောက် ကြသည်။
ဖွင့်ပွဲတွင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြည်နယ်တွင်း တာဝန်ပေး ခန်အပ်ခြင်းခံရသည့် ဝန်ထမ်းသစ်များအနေဖြင့် ဌာန၏အမိန့်၊ ညွှန်ကြားချက်များ လိုက်နာပြီး သင်တန်းမှ ရုံးလုပ်ငန်းဆိုင်ရာ ဘာသာရပ်၊ ဝန်ကြီးဌာနမှ ကျင့်သုံးလျက်ရှိသည့် ဥပဒေ၊ နည်းဥပဒေများ၊ ဦးစီးဌာနအလိုက် သက်ဆိုင်ရာ လုပ်ငန်းစဉ်များကို သေချာစွာနားလည် သဘောပေါက်ပြီး လုပ်ငန်းကျွမ်းကျင်မှုရှိစေရန်၊ လက်နက်မဲ့ စစ်ရေးပြကို စနစ်တကျ လက်တွေ့လုပ်ဆောင်တတ်စေရန်စသည့် ရည်ရွယ်ချက်ဖြင့် သင်ကြားပို့ချပေးခြင်း ဖြစ်ကြောင်း၊ ပို့ချပေးသည့် သင်ခန်းစာဖြင့် လက်တွေ့နယ်ပယ်တွင် ပြန်လည်အသုံးချနိုင်ရေးအတွက် ကြိုးစားသင်ယူစေလိုကြောင်း၊ မိမိတို့ဌာနမှ ပြည်သူများအတွက် ဝန်ဆောင်မှုပေးသည့် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ရာတွင်လည်း ပေးအပ်တာဝန်ကျေပွန် စေလိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်သည် နှင့်အညီ နိုင်ငံတော်အပေါ် သစ္စာရှိစွာဖြင့် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များ ကျေပွန်စွာ ထမ်းဆောင်မည့် ဝန်ထမ်းကောင်းများ ဖြစ်စေလိုကြောင်းအမှာ စကား ပြောကြားပေးသည်။
အဆိုပါ သင်တန်းတွင် သစ်လွင် သင်တန်းသား၊ သင်တန်းသူ ၃၅ ဦးတို့အား ရုံးလုပ်ငန်း ဘာသာရပ်ဆိုင်ရာ သင်ခန်းစာ ၁၁ မျိုးကို နည်းပြ ၈ ဦးတို့က ဒီဇင်ဘာ ၇ ရက်နေ့ ၁၉ ရက်နေ့ထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)