တောင်သာ ဒီဇင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် တစ်ခေတ်တစ်ယောက် ပထမမြန်မာတွေ-၃ စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဦးရဲဝင်အောင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် စာပေဖတ်ရှုသည့် အလေ့အထတိုးတက်မှုရရှိစေရန် စာဖတ်ဝိုင်းကျင်းပရခြင်း ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။ မြို့နယ်ဦးစီးမှူး ဦးရဲဝင်းအောင်က အာရှရုပ်ရှင်ကိုဦးဆောင်ခဲ့တဲ့ ဟောလီဝုဒ်မှ ပထမဆုံးမြန်မာရုပ်ရှင်မင်းသမီး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာထောက်(၃)ဒေါ်သိမ့်သိမ့်အေးက ပထမဆုံး နိုင်ငံခြားရောက်မြန်မာ့ဆိုင်းပညာရှင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရုပ်သံကျွမ်းကျင်(၃)ဒေါ်ဌေးဌေးဝင်းက ပထမဆုံး မြန်မာလူမျိုး မြူနီစပယ်ဥက္ကဋ္ဌ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဓာတ်ပုံကျွမ်းကျင်(၂)ဦးကျော်မျိုးနိုင်က ပထမဆုံးမြန်မာနိုင်ငံသမိုင်းကော်မရှင်ဥက္ကဋ္ဌ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အငယ်တန်းစာရေးဒေါ်တင်မိုးခိုင်က ပထမဆုံး သက်ကြီးတက္ကသိုလ် ကျောင်းအုပ်ကြီး ခေါင်းစဉ်ဖြင့်လည်းကောင်း တင်ပြဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ် ဦးစီးမှူးဦးရဲဝင်အောင်နှင့်ဝန်ထမ်းများကအသီးသီးအပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ကျော်မျိုးနိုင်(တောင်သာ)