ညောင်လေးပင် ဒီဇင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရန် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာရေး၊ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များ လိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေး (Mask Campaign)ကို မြို့နယ်ကိုဗစ် ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ ဦးဆောင်မှုဖြင့် ယနေ့နံနက် ၉နာရီခွဲအချိန်က မီးသတ်ဦးစီးဌာနရှေ့့နှင့် မြို့မဈေးကြီးရှေ့့တို့၌ ဆောင်ရွက်ခဲ့ကြ သည်။
အဆိုပါ (Mask Campaign) ကို မြို့နယ်ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ဝန်ထမ်းများ၊ မြို့နယ်စည်သာယာရေး ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက ပြည်သူများ (Mask) မတပ်ဆင်ပဲ သွားလာနေမှုများကို (Mask) တပ်ဆင်ပြီးမှ သွားလာရန်နှင့် ထုတ်ပြန်ထားသော စည်းကမ်းချက်များကို စနစ်တကျ လိုက်နာရန်၊ ကိုဗစ်ရောဂါသည် မိမိကစ၍ ကာကွယ်မှသာလျှင် ရောဂါကွင်းစက်ပြတ်တောက်ပြီး ရောဂါကူးဆက်မှုလျော့ကျနိုင်မည်ဖြစ်ကြောင်း ယခုအခါ အနောက်နိုင်ငံများတွင် ကူးဆက်မြန် ကိုဗစ်ရောဂါမျိုးကွဲသစ် ဖြစ်ပေါ်လျှက်ရှိပြီး၊ အဆိုပါ ကိုဗစ်ရောဂါမျိုးကွဲသစ် ကူးစက်မှုမရှိစေရန် အသိပညာပေးခြင်း၊ ပြည်သူများ မလိုအပ်ပဲအိမ်ပြင်ပသို့ မထွက်ကြရန်၊ အပြင်ထွက်တိုင်း (Mask)ကို သတိရစေရန် ရည်ရွယ်ကာ ဆောင်ရွက်ခြင်းဖြစ်ပြီး အသိပညာပေးခြင်းနှင့် (Mask) များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)