အင်္ဂပူ၊ ဒီဇင်ဘာ ၇
ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဖွံ့ဖြိုးတိုးတက်လာသောခေတ်နှင့်လျော်ညီသည့် နည်းပညာ ကောင်းများရရှိစေရန်နှင့် အသက်မွေးဝမ်းကျောင်းဆိုင် ရာလုပ်ငန်းများအထောက်အကူပြုစေရန်ရည်ရွယ်၍ သမဝါယမနှင့်ကျေး လက်ဖွံ့ဖြိုးတိုး တက်ရေးဝန်ကြီးဌာန၊ အင်္ဂပူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အလတ်စားစက်ပြင်အလုပ်ရုံ (ဟင်္သာတမြို့) တို့ပူးပေါင်းဖွင့်လှစ်သည့်အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု တစ်လုံး ထိုးဒီဇယ်အင်ဂျင်ပြုပြင် ထိန်းသိမ်းနည်းသင်တန်း အမှတ်စဉ်(၁/၂၀၂၁)ဖွင့်ပွဲအခမ်းအနားကိုယနေ့ နံနက်၉နာရီခွဲ အင်္ဂပူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးကအဖွင့်အမှာစကားပြောကြားပြီး ဟင်္သာတ ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးအောင်သက်ရှည်က သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက် ၍ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်အလတ်စားစက်ပြင်အလုပ်ရုံ(ဟင်္သာတ)မှ သင်တန်းနည်းပြဆရာ ဦးမောင်မောင်က သင်တန်းပို့ချမည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဇေမင်းမင်း ကသင်တန်းနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးအောင် သက်ရှည် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအ ကြီးအကဲများ၊ သင်တန်း နည်းပြများ ၊မြို့နယ်အတွင်းရှိရပ်ကွက်၊ကျေးရွာများမှ သင်တန်းသားများတက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းကို (၇-၁၂-၂၀ ၂၁မှ ၂၁-၁၂-၂၀၂၁) ရက်နေ့အထိဖွင့်လှစ်သွားမည်ဖြစ်ပြီးသင်တန်းသား ၂၀ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
မန်းကျော်