သရက်ချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

သရက်ချောင်း ဒီဇင်ဘာ ၇

တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုခန်းမ၌ ယမန်နေ့မွန်းလွဲ(၁)နာရီက ခင်စောတင့် ရေးသားသည့် ဆုံးဖြတ်ဖို့ ခက်ခဲနေမယ်ဆိုရင် စာအုပ်ပါ အကြောင်းအရာများဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပြုလုပ်ခဲ့ကြောင်း သိရ သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးနွယ်၀င်းက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ အကျိုးကျေးဇူးနှင့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး (Book Club) အဖွဲ့၀င် ဒေါ်သီသီအေးက နေရာတိုင်းမှာ စိတ်၀င်စားစရာ လူတွေရှိပါတယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Book Club) အဖွဲ့၀င် မနီနီလွင် ရိုးသားဖြောင့်မတ်သော ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Book Club) အဖွဲ့၀င် မဆောင်းယွန်းစံ နေ့စဉ်နိုးကြားတက်ကြွနေအောင်နေပါ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများမှ စာအုပ်၏ အနှစ်သာရများနှင့် လေ့လာမှတ်သားစရာများကို ချပြဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပြုလုပ်ခြင်းသည် စာရေးဆရာများ၏  အတွေ့အကြုံများ၊ အသိပညာ ဖွံဖြိုးတိုးတက်မှုတို့ကို လူငယ်/လူရွယ်များသို့ ပညာပေး ဆွေးနွေးခြင်းဖြစ်ပြီး စာဖတ်ခြင်းဖြင့် အကျိုးကျေးဇူး အများအပြားရရှိ၍ စာဖတ်နှုန်းတိုးစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အေးနွယ်၀င်း