ဒေါ့ဖုန်းယန်မြို့၌ အသက်(၁၈)နှစ်နှင့်အထက် ဒေသခံပြည်သူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေး

ဒေါ့ဖုန်းယန်       ဒီဇင်ဘာ      ၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၌  အသက်(၁၈)နှစ်နှင့်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန်တွင် အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ အသက်(၁၈)နှစ်နှင့်အထက် ဒေသခံပြည်သူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး  ဆက်လက်ထိုးနှံပေးရာတွင် ရဟန်းသံဃာ(၁) ပါး၊ နိုင်ငံ့ဝန်ထမ်း(၁၃)ဦး၊  အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင် သူ(၂၆) ဦးနှင့် မှီခို(၄၁၃) ဦး  စုစုပေါင်း (၄၅၃) ဦးအား မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက အနီးကပ်ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းပေး ခြင်း၊ ရောဂါအခံရှိ/မရှိမေးမြန်းခြင်းနှင့် စနစ်တကျ မှတ်တမ်းရေးသွင်းခြင်းများပြုလုပ်ခဲ့ကြောင်း မြို့အထွေထွေအုပ်ချုပ်ရေးရုံးအဖွဲ့ထံမှ သိရှိရ သည်။

သန်းနိုင်စိုး(ပြန်/ဆက်)