နွားထိုးကြီးမြို့နယ်၌ ဝါသီးနှံအထွက်နှုန်းတိုးတက်ရေး ဆင့်ပွားသင်တန်းဖွင့်လှစ်

နွားထိုးကြီး   ဒီဇင်ဘာ   ၈

မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၀၂၀- ၂၀၂၁ခုနှစ် မိုးနှောင်းချည်မျှင်ရှည်ဝါ အထူးဇုံ(၅၀)ဧကစိုက်ပျိုးသောတောင်သူ(၂၂)ဦးအား ဝါသီးနှံအထွက်နှုန်း တိုးတက်ရေး ဆင့်ပွားသင်တန်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ သင်တန်းကို မြင်းခြံခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းဝင်းမှ အဖွင့်အမှာ စကားပြောကြားပြီး၊မြို့နယ်ဦးစီးမှူး ဒေါ်ခင်ထားနွယ်က ဝါအထူးဇုံဧက (၅၀)ဆောင်ရွက် ထားရှိမှု အခြေအနေများကို ရှင်းလင်းပြေားကြားခဲ့သည်။ စိုက်ပျိုးရေးတာဝန်ခံများမှ ဝါအထွက်နှုန်း တိုးတက်မြင့်မားရေး ဆိုင်ရာနည်းပညာများ၊အရည်အသွေးကောင်း ဝါမျိုးသန့်သတ်မှတ်ခြင်းနှင့်မျိုး ကွဲများအကြောင်းနှင့် ဝါအထူးဇုံ မျိုးစေ့ထုတ်တောင်သူများ၊ လုပ်ငန်းရှင်များ တွေ့ကြုံနေနေရသော အခက်အခဲများအား တောင်သူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်းသိရသည်။

သင်တန်းသို့ ၂၀၂၀-၂၀၂၁ ခုနှစ် မိုးနှေင်းချည်မျှင်ဝါ အထူးဇုံ ဧက (၅၀)စိုက် တောင်သူ (၂၂)ဦး၊ ဝါလုပ်ငန်းရှင်များ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်