ရှမ်းရွာသစ် ဒီဇင်ဘာ ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ စာကြည့်တိုက်နှင့်ရင်းနှီး ကျွမ်းဝင်မှုရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စာကြည့်တိုက်သို့ လာရောက်ပြီး စာအုပ် စာစောင် ငှားရမ်းတတ်သည့် အလေ့အကျင့်ရှိစေရန်နှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ ဘိုးလိမ်းပစ်ပြိုင်ပွဲ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်း ၈ နာရီခန့်က ရှမ်းရွာသစ် မြို့ပြည်သူ့ စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်အေးအေးနွဲ့က ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်းလျော့ကျလာသည့်အတွက် စာကြည့်တိုက်များ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသား လူငယ်ကလေးငယ်များ အသိပညာဗဟုသုတရရှိရန်၊ ဉာဏ်ရည်ဉာဏ်သွေးကောင်း မွန်ရန်နှင့်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြိုင်ပွဲကိုပြုလုပ်ပေးရခြင်းဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကဗျာရွတ်ဆိုပြိုင်ပွဲကို ဆက်လက်ပြုလုပ်ဆောင်ရွက်ခဲ့ရာ မူလတန်း အဆင့် ကျောင်းသား/သူစုစု ပေါင်း(၁၆)ဦးတို့က ပျော်ရွှင်စွာဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရ သည်။
အေးအေးနွဲ့