ပန်းတောင်း ဒီဇင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ အားကစားပညာပေး ဟောပြောခြင်းနှင့် သရုပ်ပြခြင်းကို ယမန်နေ့ နံနက်ပိုင်းက အ.လ.က ဝန်လိုကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အားကစားမှူး ဒေါ်စောမာလာက ကျောင်းသား၊ ကျောင်းသူများကို အားကစားနှင့် ပတ်သက်သော အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပြီး လက်တွေ့ အားကစားနည်းများကို လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများကို အတန်းလိုက်အားကစား သရုပ်ပြခြင်း လုပ်ငန်းများ ဆောင်ရွက်၍ အားကစားမှူး ဒေါ်စောမာလာမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာသီထွဏ်ထံသို့ အားကစားပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။
သင်းသင်းအေး