ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်လမ်းများအား ယနေ့ နံနက် ၉ နာရီက အမှတ်(၁)ရပ်ကွက်အတွင်း၌ လှည့် လည်နှိုးဆော်ခဲ့သည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဆင်ပေါင်ဝဲ မြိုနယ်ရုံးမှ ဦးစီးအရာရှိ ဦးနိုင်လင်းနှင့် ဝန်ထမ်းများက ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး နည်းလမ်းများအား မိဘပြည်သူများအနေဖြင့် မဖြစ်မနေလိုက်နာ ဆောင်ရွက်ကြရန် လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ချိုချိုဝင်း(ဆင်ပေါင်ဝဲ)