ငါန်းဇွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

ငါန်းဇွန်   ဒီဇင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေးအုပ်စုအလိုက် ပြည်သူများအား မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် သတ်မှတ်နေရာများတွင် အောက်တိုဘာ ၁၈ရက်နေ့မှစ၍ နေ့စဉ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

ထိုသို့ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးရာ ယမန်နေ့နံနက် ၉နာရီအချိန်မှ စ၍ မြို့မဇုံမှ (၂)ဦး၊ မြို့သာဇုံမှ (၅)ဦး၊ ငါန်းမြာဇုံမှ (၉)ဦး၊ ခြင်္သေ့လက်ဇုံမှ (၇)ဦး၊ သားကျင်ဇုံမှ (၁) ဦး၊ ဂျိုဇုံမှ(၁၀) ဦး၊ သံဘိုဇုံမှ (-)ဦး၊ ရေလည်သောင်ဇုံမှ (-)ဦးနှင့် ကုလားရွာဇုံမှ (၂၃)ဦး၊ မြို့နယ် အတွင်း ဇုံ(၉)ဇုံမှ (၅၅)နှစ် နှင့်အထက် ပြည်သူများနှင့် ဦးစားပေးအုပ်စုအလိုက် စုစုပေါင်း(၅၇)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြ သော အသက်(၅၅)နှစ် နှင့်အထက် ပြည်သူများနှင့် သတ်မှတ်ဦးစားပေးအုပ်စုအလိုက် လူစုလူဝေး မဖြစ်ပေါ်စေရေး၊ သွားလာရေး အဆင်ပြေစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ကူညီဆောင် ရွက်ပေးပြီး မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးရာ အောက်တိုဘာ ၁၈ရက်နေ့မှ ဒီဇင်ဘာ ၇ရက်နေ့အထိ အသက်(၅၅)နှစ်နှင့်အထက်ပြည်သူများနှင့် သတ်မှတ်ဦးစား ပေးအုပ်စုအလိုက်(၁၃၇၈၄)ဦး ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)