သတင်းများ

မြစ်သားမြို့နယ်၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ဒုတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Dec 09,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မြို့မအခြေခံပညာ အထက်တန်းကျောင်းနှင့် အမက (မူလွန်) ကျောင်းများ တွင် ပညာသင်ယူလျက်ရှိသော အသက်၁၂နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု မှကြိုတင် ကာကွယ်နိုင်ရန်အတွက် ယမန်နေ့နေ့လယ် (၁) နာရီက အခြေခံပညာ အထက်တန်း (မြို့မ) ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ကို ဒုတိယအသုတ် ဒုတိယ အကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျိုင်းတောင်းမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းဆောင်ရွက်
Dec 09,2021
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက် စွာကာကွယ်တားဆီးထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူ လူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့ပေါ်ရပ်ကွက်နေပြည်သူများ သိရှိလိုက်နာရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့ပေါ်ရပ်ကွက်အတွင်း Hand Speaker ဖြင့်လှည့်လည်နှိုးဆော်ခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ပုသိမ်ပညာရေးဒီဂရီကောလိပ်အခြေခံပညာဆရာ၊ ဆရာမ သစ်လွင်များ မွမ်းမံသင်တန်းဆင်းပွဲတက်ရောက်
Dec 09,2021
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နေ့လယ်က ပုသိမ်ဒီဂရီကောလိပ်၊ ပညာရတနာ ခန်းမ၌ လက်ထောက်အလယ်တန်းပြနှင့် လက်ထောက်မူလတန်းပြ အခြေခံပညာ ဆရာ၊ ဆရာမ သစ်လွင်များ မွမ်းမံသင်တန်းဆင်းပွဲသို့ တက်ရောက်ခဲ့ကြသည်။ သင်တန်းဆင်းပွဲတွင် ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပြီး ဆရာများခံယူအပ်သော သစ္စာအဓိဋ္ဌာန်(၆)ရပ်ကို သံပြိုင်ရွတ်ဆိုကြသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို အခြေခံပညာဆရာ၊ ဆရာမများမွမ်းမံသင်တန်းဆင်းပွဲ အခမ်း အနားသို့ တက်ရောက်
Dec 09,2021
အခြေခံပညာဆရာ၊ ဆရာမသစ်လွင်များ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တက္ခပညာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် ဆောင်းရာသီအားကစား(Myanmar Fitness Dance ) သင်တန်း ဖွင့်လှစ် 
Dec 09,2021
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊အိမ်မဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အ-ထ-က(၂) အိမ်မဲ ကျောင်းတွင် ဆောင်ရာသီအားကစား Mynmar Fitness Dance သင်တန်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ကဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းသိရသည်။ 
ကသာပညာရေးဒီဂရီကောလိပ်၌ နည်းပြ၊ သရုပ်ပြများနှင့် အခြေခံပညာဆရာ၊ဆရာမများ မွမ်းမံသင် တန်းဆင်းပွဲနှင့် သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ ကျင်းပ
Dec 08,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ရှိ ကသာပညာရေးဒီဂရီကောလိပ်တွင် နည်းပြ၊ သရုပ်ပြများ နှင့် အခြေခံပညာဆရာ၊ ဆရာမများအား မွမ်းမံသင်တန်းဆင်းပွဲနှင့် သင်တန်းဆင်း လက်မှတ်ပေး အပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ(၈)ရက်နေ့၊ နံနက်(၉)နာရီခွဲအချိန်က ပညာရေးဒီဂရီကောလိပ်ရှိ မလိခ ဆောင်ခန်းမ၌ ကျင်းပခဲ့သည်။
လယ်ဝေးမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်)တွင် ၁၉၀၃၆ဦး ထိုးနှံပေးပြီးဖြစ်
Dec 08,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်း တို့တွင် ပညာသင်ယူလျှက်ရှိသော အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှကြိုတင်ကာကွယ်နိုင်ရန်အတွက် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေး (Sinovac)ကို ယနေ့နံနက်(၉)နာရီက လယ်ဝေးမြို့သီရိရတနာခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာလ(၇)ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူ (၁၉၀၃၆)ဦး ထိုးနှံပေးခဲ့ပြီးဖြစ်သည်။
တာ​လေမြို့၌ ပြည်သူလူထုအား အခမဲ့ဖြန့်ဝေပေးရန် သစ်ပင် ၁၄၀၀၀ စတင်ပျိုးထောင် ထားရှိ
Dec 08,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေ​မြို့၌ ၂၀၂၂ ခုနှစ် မိုးရာသီကာလအတွင်း ​​ဒေသခံပြည်သူလူထုအား အခမဲ့ဖြန့်ဝေပေးရန် သစ်တောဦးစီးဌာန ပျိုးဥယျာဉ်အတွင်း သစ်ပင်ပျိုးပင် ၁၄၀၀၀ ကို စတင်ပျိုးထောင်ထားရှိကြောင်း သိရသည်။