အိမ်မဲ ဒီဇင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊အိမ်မဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အ-ထ-က(၂) အိမ်မဲ ကျောင်းတွင် ဆောင်ရာသီအားကစား Mynmar Fitness Dance သင်တန်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ကဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/သူများကျန်းမာပျော်ရွှင်ပြီးအချင်းချင်းချစ်ခင်ရင်းနှီးမှုရှိစေရန်နှင့် "ကိုယ်ခံစွမ်းအားမြှင့်တင်ရေးအားကစားပုံမှန်လှုပ်ရှားပေးအစီအစဥ်"ကိုအခြေခံကာ အားကစားကိုစိတ်ပါဝင်စားမှုရှိလာစေရန်ရည်ရွယ်၍ ဆောင်းရာသီအားကစားသင်တန်းအဖြစ် Myanmar Fitness Dance သင်တန်းကိုအ-ထ-က (၂) အိမ်မဲကျောင်းတွင် ၅ ရက်ကြာသင်ကြားသွားမည်ဖြစ်ပြီး သင်တန်းတွင် သင်တန်းသား/သူ ၆၅ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
ချစ်သက်လယ်