မြစ်သား ဒီဇင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မြို့မအခြေခံပညာ အထက်တန်းကျောင်းနှင့် အမက (မူလွန်) ကျောင်းများ တွင် ပညာသင်ယူလျက်ရှိသော အသက်၁၂နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု မှကြိုတင် ကာကွယ်နိုင်ရန်အတွက် ယမန်နေ့နေ့လယ် (၁) နာရီက အခြေခံပညာ အထက်တန်း (မြို့မ) ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ကို ဒုတိယအသုတ် ဒုတိယ အကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံသည့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ များအား မြစ်သားမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့၊ ကြက် ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတ အသင်းဝင်များကပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပြီးသူ ကျောင်းသား၊ ကျောင်းသူများအား မိနစ်(၃၀)ခန့် အနားယူစေခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြမြမွန် (မြစ်သား)