တာ​လေမြို့၌ ပြည်သူလူထုအား အခမဲ့ဖြန့်ဝေပေးရန် သစ်ပင် ၁၄၀၀၀ စတင်ပျိုးထောင် ထားရှိ

တာလေ ဒီဇင်ဘာ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေ​မြို့၌ ၂၀၂၂ ခုနှစ် မိုးရာသီကာလအတွင်း ​​ဒေသခံပြည်သူလူထုအား အခမဲ့ဖြန့်ဝေပေးရန် သစ်တောဦးစီးဌာန ပျိုးဥယျာဉ်အတွင်း သစ်ပင်ပျိုးပင် ၁၄၀၀၀ ကို စတင်ပျိုးထောင်ထားရှိကြောင်း သိရသည်။

တာလေမြို့တွင် ပြုန်းတီးလာသော သဘာဝပတ်ဝန်းကျင်များ ပြန်လည်စိမ်းလန်းစိုပြေရေးနှင့် ကာကွယ်ထိန်းသိမ်းရန်၊ ပူပြင်းသည့်အပူချိန် ဒဏ်ခံစားရခြင်းမှ ကာကွယ်ရန်အတွက် ၂၀၂၂ ခုနှစ် မိုးရာသီကာလအတွင်း  စိုက်ပျိုးနိုင်ရန် ကျွန်း၊ မယ်ဇလီ ၊ မန်ဂျန်ရှား၊ မိုက်ဆော့၊ ယာမနေ စသည့် သစ်ပင်ပျိုးပင် ၁၄၀၀၀ ကို မြို့သစ်တောဦးစီးဌာနက နိုဝင်ဘာလ စတုတ္ထပတ်မှ စတင်ပျိုးထောင် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ သစ်ပင်ပျိုးပင်များကို ၂၀၂၂ ခုနှစ် မိုးရာသီကာလတွင် နယ်မြေခံတပ်ရင်းရပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာများသို့ စနစ်တကျ အခမဲ့ဖြန့်ဝေ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကျော်မိုး (ပြန်/ဆက်)