ကသာပညာရေးဒီဂရီကောလိပ်၌ နည်းပြ၊ သရုပ်ပြများနှင့် အခြေခံပညာဆရာ၊ဆရာမများ မွမ်းမံသင် တန်းဆင်းပွဲနှင့် သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ ကျင်းပ

ကသာ ဒီဇင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ရှိ ကသာပညာရေးဒီဂရီကောလိပ်တွင် နည်းပြ၊ သရုပ်ပြများ နှင့် အခြေခံပညာဆရာ၊ ဆရာမများအား မွမ်းမံသင်တန်းဆင်းပွဲနှင့် သင်တန်းဆင်း လက်မှတ်ပေး အပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ(၈)ရက်နေ့၊ နံနက်(၉)နာရီခွဲအချိန်က ပညာရေးဒီဂရီကောလိပ်ရှိ မလိခ ဆောင်ခန်းမ၌ ကျင်းပခဲ့သည်။

အသစ်ခန့်ထားသည့် ဆရာ၊ ဆရာမများ လုပ်ငန်းခွင်မဝင်မီတွင် ဆရာအတတ်ပညာအရည် အသွေးပြည့် ဝပြီး စီမံ၊ ဘဏ္ဍာရေးရာနှင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ နည်းပြ၊ သရုပ်ပြများနှင့် အခြေခံပညာဆရာ၊ဆရာမများအား မွမ်းမံ သင်တန်းကို နိုဝင်ဘာလ(၈)ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားပို့ချခဲ့ပြီး ဒီဇင်ဘာလ(၈) ရက်နေ့တွင် သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က တက်ရောက်အမှာ စကား ပြောကြားခဲ့သည်။

ဆက်လက်၍ ကသာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးနှင့် ခရိုင်ပညာရေးမှူး တို့က သင်တန်းဆင်း ပွဲအမှာစကားကို အသီးသီးပြောကြားခဲ့ကြပြီး ကသာပညာရေးဒီဂရီကောလိပ် ကျောင်း အုပ်ကြီးနှင့် ဒု-ကျောင်းအုပ်ကြီးတို့က နည်းပြ၊ သရုပ်ပြများနှင့် ဆရာ၊ ဆရာမပေါင်း (၁၇၆)ဦးတို့အား သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြောင်း၊ ထို့နောက် နည်းပြ၊ သရုပ်ပြများနှင့် ဆရာ၊ ဆရာမ များက သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်လာသူများအား တေးသီချင်းနှင့် အကများဖြင့် အသီးသီးကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)