ကယားပြည်နယ် ဒီဇင်ဘာ ၉
ကယားပြည်နယ်အတွင်းရှိမြို့နယ်များတွင် Quarantine ထားရှိသူများနှင့် ဒီဇင်ဘာလ (၈)ရက်နေ့အထိ အနံ့ပျောက်၍လာရောက်ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ(၂၉၄) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့်စစ်ဆေးခဲ့ရာ ပိုး တွေ့လူနာ (၁၅)ဦး တွေ့ရှိပါသဖြင့် ယနေ့ပိုးတွေ့လူနာသစ် (၁၅)ဦးအားလွိုင်ကော်မြို့နယ်ဆေးရုံတွင်(၇) ဦး၊ ဘောလခဲမြို့နယ်ဆေးရုံတွင် (၇)ဦးနှင့်ရွာသစ်တိုက်နယ်ဆေးရုံတွင် (၁)ဦးထားရှိ ကုသပေးလျက် ရှိကြောင်းသိရှိရသည်။
ယနေ့တွင် ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၁၅) ဦးရှိရာ ယခုထပ်မံ တွေ့ရှိချက်အရ ကယားပြည်နယ်တွင် အတည်ပြုလူနာစုစုပေါင်း (၅၈၄၃) ဦး၊ ဆေးရုံဆင်း လူနာ(၅၅၃၄)ဦးရှိပြီး ၈-၁၂-၂၀၂၁ ရက်နေ့ သေဆုံးလူနာမရှိဖြစ်ပြီးသေဆုံးလူနာစုစုပေါင်းမှာ (၂၃၇)ဦး ရှိပြီဖြစ်ကြောင်းသိရသည်။
ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် (၂၆) ဦး၊ ဘောလခဲမြို့နယ်တွင် (၃၄)ဦး၊ ဖားဆောင်းမြို့နယ်တွင် (၆)ဦး၊ မယ်စဲ့မြို့နယ်တွင် (၃)ဦး၊ ရှားတောမြို့နယ်တွင် (၂)ဦး စုစုပေါင်းလူနာ (၇၁) ဦးတို့အားကုသပေးလျက် ရှိကြောင်း ကယားပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)