ရေကြည်မြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမတွင် မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

ရေကြည်   ဒီဇင်ဘာ   ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ၊ ရေကြည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန လူထုအခြပြုဗဟိုဌာန (Community Centre ) ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက ရွှေမင်းသား ဖောင်ဒေးရှင်း(မြန်မာ)မှ မြို့နယ်တာဝန်ခံ ဦးမင်းဇော်ဦးနှင့်တွေ့ဆုံ၍ မသန်စွမ်းသူများ ဆိုင်ရာ အသိ ပညာပေး ဆွေးနွေးပွဲ Talk Show ကိုကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သီတာဝင်းက မသန်စွမ်းသူများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)မှ မြို့နယ် တာဝန်ခံ ဦးမင်းဇော်ဦးက မသန်စွမ်းသူအမျိုးအစား(၄)မျိုးမှာ အမြင်အာရုံချို့ယွင်းသူနှင့် မျက်မမြင်၊ အကြား အာရုံချို့ယွင်းသူနှင့် နားမကြား၊ ကိုယ်အင်္ဂါမသန်စွမ်းသူနှင့် ညဏ်ရည်မသန်စွမ်းသူတို့ ဖြစ်ကြောင်း၊ မသန်စွမ်းသူ    အခွင့်အရေး ဥပဒေပါအကြောင်းအရာများနှင့်    ဖောင်ဒေးရှင်းအနေ ဖြင့် မသန်စွမ်းသူများအား ကိုဗစ်-၁၉ ကာလအတွင်း စားနပ်ရိက္ခာများကို အိမ်တိုင်ယာရောက် တက်အားသရွေ့ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ခဲ့‌မှုများ၊ ထို့အပြင် နိုင်ငံ‌တော်မှ ပြည်သူများ အား အခမဲ့ထိုးပေးလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးကိုလည်း ရပ်ကွက် ၊ ကျေးရွာများအတွင်းရှိ အုပ်ချုပ်ရေးမှူးများနှင့်ချိတ်ဆက်၍ မဖြစ်မနေ ဆေးထိုးနိုင်ရေးကိုလည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် မသန်စွမ်းသူများအား ကူညီထောက်ပံ့ပေးရာတွင်လည်း ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများကို အသိပညာဗဟုသုတရရှိ စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ကာလအတွင်း အွန်လိုင်းမှတစ်ဆင့်အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)