သာစည်မြိုနယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်ပေး

သာစည်  ဒီဇင်ဘာ  ၁၂

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြိုနယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြိုနယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်များကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက ဟံဇားကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြိုနယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်း စီမံချက်၏ ရည်မှန်းချက်ဖြစ်သော နိုင်ငံသား၊ တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသား များအား ဥပဒေနှင့်အညီ ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး၊ ပန်းခင်းစီမံချက်ပါ လုပ်ငန်းစဉ် လေးရပ်နှင့်အညီ ဆောင်ရွက်ပေးနေမှုများကို အသိပညာပေး ရှင်းလင်းဆွေးနွေးပြီး သွေးအမျိုးအစား စစ်ဆေးပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်းဆောင်ရွက် ပေးကြောင်းနှင့် ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ လူစုလူဝေးမဖြစ်စေရန်နှင့် ပါးစပ်နှင့် နှာခေါင်းစည်း စနစ်တကျ တပ်ဆင်စေပြီး ဆောင်ရွက်ခဲ့ကြောင်း  မြိုနယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်မွန်ထံက  သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် သတ်မှတ်ချက်ဖြင့်ကိုက်ညီသည့် အသက် ၁၆နှစ်နှင့် ၁၈ နှစ်ကြား ၃(က) ၁၃ ဦး၊ အသက် ၁၈ နှစ်ပြည့်ပြီးသူ ၆(က) ၆၇ ဦး စုစုပေါင်း ၈၀ ဦးတိုကို ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)