ကိုကိုးကျွန်း ဒီဇင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ် သာယာလှပစေရန်နှင့် ကျောင်း၊ ကန်ဘုရား သာယာလှပစေရေးတို့အတွက် ဌာနစုပေါင်းသန့်ရှင်းရေးအား ယနေ့နံနက် ၇ နာရီ အချိန်တွင် ဇိနမာရဇိန်ဘုရားကုန်း မြေပေါ်တွင် ဌာနဆိုင်ရာများမှ တံမြတ်စည်းလှဲခြင်း၊ အမှိုက်များရှင်းလင်းပေးခြင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဘုရားကုန်း ပတ်ဝန်းကျင်မှ ချုံနွယ်များကို ခုတ်ထွင်ရှင်းလင်းပေးခြင်းနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သာသနမဏ္ဍိုင်ကျောင်း ဝန်းအတွင်း သန့်ရှင်းရေး ပြုလုပ်ပေးခြင်းနှင့် အခြားသောဌာနဆိုင်ရာများ မြို့တွင်းမြို့ပြင်သာယာလှပစေရန် သန့်ရှင်းရေး ပြုလုပ်ပေးခဲ့ကြောင်း သတင်ရရှိသည်။
ကိုကိုးကျွန်း (ပြန်/ဆက်)