လှိုင်းဘွဲမြို့နယ်တွင် မိုးလုံလေလုံအားကစားရုံ တည်ဆောက်မှုလုပ်ငန်း ၈၅ % ပြီးစီး

လှိုင်းဘွဲ ဒီဇင်ဘာ ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ အားကစားနှင့် ပတ်သက်၍ ကဏ္ဍစုံဖွံ့ဖြိုး တိုးတက်လာရန်အတွက်  အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ဆောက်လုပ်သည့် မိုးလုံလေလုံ အားကစားရုံ တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ (၈၅)ရာခိုင်နှုန်း ပြီးစီးပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုးလုံလေလုံအားကစားရုံကို  ၂၀၂၀-၂၀၂၁  ဘဏ္ဍာနှစ်၊ ပြည်ထောင်စုအစိုးရ (ငွေလုံးငွေရင်း) ရန်ပုံငွေ (၂၉၇ ဒဿမ ၆ သန်း)ဖြင့် အလျား(၁၂၀)ပေ၊ အနံ(၉၀)ပေ၊ အမြင့်(၃၆)ပေရှိ မိုးလုံလေလုံ အားကစားရုံ တည်ဆောက်ခြင်း လုပ်ငန်းကို မြသီတာ အောင်စိုးစိုး ကုမ္ပဏီလီမိတက်က တာဝန်ယူဆောင်ရွက် လျက်ရှိကြောင်း အားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။

စောဒိ(ပြန်/ဆက်)