ညောင်တုန်း ဒီဇင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျောင်းသား၊ ကျောင်းသူလေးများအား လပ်သည့်အချိန်တွင် စာပေဖတ်ရှုလေ့လာမှု အလေ့အထရှိစေရန်နှင့် စိတ်ပျော်ရွှင်လန်းဆန်း တက်ကြွစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းနှင့် အားကစားပြိုင်ပွဲများကို ဒီဇင်ဘာလ ယမန်နေ့ မွန်းလွဲပိုင်းကဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူလေးများ အားလပ်သည့်အချိန်တွင် စာပေဖတ်ရှု လေ့လာမှု အလေ့အထရှိစေရန်နှင့် စိတ်ပျော်ရွှင်လန်းဆန်း တက်ကြွစေရန် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ပြီး ခါးလှည့်ကွင်းအားကစားပြိုင်ပွဲကိုကျင်းပရာ ကျောင်းသား၊ ကျောင်းသူ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)