ကျောက်ဖြူ ဒီဇင်ဘာ ၁၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း (PPTT) တက်ရောက်ကြမည့် ဆရာ၊မရာမများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံ ပေးခြင်းကို ယနေ့နံနက် ၉ နာရီက ကျောက်ဖြူပညာရေးဒီဂရီကောလိပ်ရှိ ပညာတန်ဆောင်ခန်းမ၌ ထိုးနှံပေးလျှက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန် ထမ်းများ က စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ကျ ဆရာ/ ဆရာမများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်နှင့် သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူများသာ ကာကွယ်ဆေးများကိုထိုးနှံပေးလျက် ရှိသည်။
ကျောက်ဖြူမြို့နယ်၌ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (PPTT)သင် တန်းအား ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ဆရာ၊ဆရာမ စာရင်းရှိ (၄၇၁) ဦးမှ တက်ရောက်ကြမည်ဖြစ်ကာ ၎င်းတို့အနက်မှ ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်မျှမထိုးရသေးသည့် ဆရာ/ ဆရာမ ၈၆ ဦးတို့အား အဆိုပါရောဂါကာကွယ်ဆေးအား ပထမအကြိမ် ထိုးနှံပေးခြင်းဖြစ်ကြောင်း ကျောက်ဖြူပညာရေးဒီဂရီကောလိပ်မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး တင်အောင်ကျော် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ လှည့်လည်ကြည့်ရှုခဲ့ကြပြီး အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း