ချောက် ဒီဇင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာကြည့်တိုက်သို့ လာရောက်သည့် စာပေဝါသနာရှင် လူငယ်များဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်က စာဖတ်သည့် အလေ့အထများ ရရှိစေရန် ဉာဏ်ရည် ထက်မြက်ပြီး စာပေဗဟုသုတများကို ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရစေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပပြု လုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက စာကြည့်တိုက်သို့ အသစ်ရောက်ရှိသော စာအုပ်များထဲက ဒေါက်တာမြင့်သန်း(ညောင်လေးပင်)ရေးသားသည့် မင်္ဂလာပါခင်ဗျာနှင့် အတွေးရသစာစုစာအုပ်များထဲမှ ‘‘ပညာကိုရှာပါ" စာစုခေါင်းစဉ်ဖြင့် ဆွေးနွေးခြင်း၊ ဝန်ထမ်းများနှင့် တက်ရောက်လာသော စာဖတ်ပရိတ်သတ်လူငယ်များမှ ‘‘လူငယ် ထားရှိရမည့်စိတ်ဓါတ်’’၊ "တန်ဖိုးရှိတဲ့လူဘဝ"၊ "အသက်အရွယ်နဲ့ မဆိုင်တဲ့ ရင့်ကျက်မှု"စသည့် ခေါင်းစဉ်များဖြင့် မိမိတို့ဖတ်ရှု လေ့လာနားလည်မှုများအား အပြန်အလှန် ရှင်းလင်းဆွေးနွေပြီး အသိပညာဗဟုသုတ မျှဝေခြင်းများဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)