အခြေခံပညာ ဆရာအတတ်သင် သင်တန်းမှ သင်တန်းသူ၊ သင်တန်းသားများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ / မရှိ RTD စစ်ဆေးပေးကာ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး

ချမ်းအေးသာစံ     ဒီဇင်ဘာ   ၁၃

အခြေခံပညာ ဆရာအတတ်သင် သင်တန်းမှ သင်တန်းသူ၊ သင်တန်းသားများအား ကိုဗစ်- ၁၉  ရောဂါပိုးရှိ / မရှိ RTD စစ်ဆေးပေးကာ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ဒီဇင်ဘာလ ၁၃ရက်နေ့က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ ပညာရေး ဒီဂရီကောလိပ်တွင် ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် (PPTT) လုပ်ငန်းခွင်ဝင်အကြို အခြေခံပညာ ဆရာအတတ်သင် သင်တန်းမှ သင်တန်းသူ၊ သင်တန်းသားများအား  ချမ်းအေးသာစံ မြို့နယ်ကျန်းမာရေး ဦးစီးဌာန မှ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိRTD စစ်ဆေးပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံခြင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံရန် ရက်စေ့သူများ အား ကာကွယ်ဆေး ထိုးနှံခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိပ်ထားနိုင်