မိုးနဲ ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊မိုးနဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ဦးစီးဌာနမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းမြစိုးလှိုင်နှင့်ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများအလိုက် ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိရာ ဒီဇင်ဘာလ ၁၅ ရက် နေ့ နံနက် ၈ နာရီအချိန်က လွိုင်မြေရပ်ကွက် ၊အုဌ်ဖိုကျောင်း ဘုန်းတော်ကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မိုးနဲမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းမြစိုးလှိုင်က ပန်းခင်းစီမံချက်နှင့်စပ်လျဉ်း၍ ပြည်သူများသိသင့်သိထိုက်သည်များကို ရှင်းလင်းပြောကြားခဲ့ပြီး ရပ်ကွက်အတွင်း အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသော တိုင်းရင်းသား များနှင့် ဥပဒေအရနိုင်ငံသားများအား "ပန်းခင်း"စီမံချက်ဖြင့် ဆက်လက်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
မိုးနဲမြို့နယ်အတွင်း မေလ ၃ ရက်နေ့မှစ၍ ယနေ့ထိ အိမ်ထောင်စုလူဦးရေ စာရင်းထုတ်ပေး ခြင်း (၆၀) စု၊ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားကတ်ပြားထုတ်ပေးခြင်း (၁၃၅)ဦး ၊အသက် (၁၈)နှစ်ပြည့်နှင့်အထက် (၁၂၄၉) ဦးကို ဆောင်ရွက်ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသော စီမံချက်ကာလ (၁၀) လတွင်လည်းဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးစိုင်းမြစိုးလှိုင်၏ ပြောကြားချက်အရသိရသည်။
မျိုးညွန့်ရွှေ (ပြန်/ဆက်)