ပုဗ္ဗသီရိ ဒီဇင်ဘာ ၁၅
နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ Online မှတစ်ဆင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် လူငယ်များ အသိပညာ ဗဟုသုတများစွာရရှိပြီး တွေးခေါ်မှုမြင့်မားလာစေရန်၊ လူတော်လူကောင်းများအဖြစ် ရွှေရောင်အနာဂါတ်ကို ပိုင်ဆိုင်ကြစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် စာရေးဆရာရဲမွန်ကျော်မှ (၆-၉-၂၁၂၁) ရက်နေ့ထုတ် မြဝတီသတင်းစာပါ မင်းသုခကျော်ရေးသားထားသည့် "သုည"နှင့် မမြှောက်မိစေဖို့ ဆောင်းပါးခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိ ပညာဗဟုသုတများ ရရှိစေရန်တွက် Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)