ငဖဲ ဒီဇင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကျောင်းနေ အရွယ်ကလေးများနှင့် ဒေသခံပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ အသိပညာပေး အကြောင်းအရာများကို နံရံကပ်စာစောင်ပြုလုပ်၍ လစဉ်ပုံမှန်ပြသ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရုံး ရှေ့မြေစိုက်ဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများ ပါဝင်သော အသိပညာပေးနံရံကပ် စာစောင်များကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် ပါဝင်သည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်း လုပ်ငန်းများ၊ လတ်တလော ဖြစ်ပွားနေဆဲဖြစ်သည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးလုပ်ငန်းများ၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၊ တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ပါ သဘော တူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်ရေးနှင့် အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက အထွေထွေရွေးကောက်ပွဲ ပြန်လည် ကျင်းပနိုင်ရေးဆိုင်ရာ လှုပ်ရှားမှုအသိပညာပေး ဓါတ်ပုံများနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဦးတည်ချက်(၉)ရပ်တွင်ပါဝင်သည့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ဦးတည်ချက်ဆိုင်ရာ လှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံ (၂၈)ပုံပါဝင်သော အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားရှိရာ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင် စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)