ဝေါ ဒီဇင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ တို့ပူးပေါင်း၍ စာရေးဆရာ တက်တိုးရေးသားသည့် စာဖတ်စည်းစိမ် စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဒီဇင်ဘာလ ၁၄ ရက်နေ့ နေ့လည် ၁၂ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြု လုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က ပြည်သူများ၊ လူငယ်လူရွယ်များအနေဖြင့် စာဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ၊ အသိပညာဗဟုသုတများ မျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုင်းသူများ ပူးပေါင်းဆုံဆည်းနိုင်ရေး အတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းမှ အဖွဲ့ဝင်များဖြစ်သည့် ဦးမြင့်ဦးက စာရေးဆရာ တက်တိုးရေးသားသည့် စာဖတ်စည်းစိမ် စာအုပ်မှ များများဖတ်မှ တတ်မယ် ခေါင်းစဉ်နှင့် ဦးကျော်ဝဏ္ဏက ကျွန်ုပ်တို့ ကံကောင်းကြပေသည်ခေါင်းစဥ်တို့ဖြင့် အသီးသီးဆွေးနွေး ကြပြီး တက်ရောက်လာသူများက မိမိတို့ဖတ်မှတ် ထားသည့်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)