(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား ပုဏ္ဏားကျွန်း၌ကျင်းပ

ပုဏ္ဏားကျွန်း၊ ဒီဇင်ဘာ ၁၅           

(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ပေးပို့သော   သဝဏ်လွှာအား ဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့၊ နံနက်(၈)နာရီက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အလံအား အလေးပြုပြီး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော သဝဏ်လွှာအား မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဇော်သိန်းက ဖတ်ကြားပေးခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆုရကျောင်းသား၊ သူများနှင့် အားကစားသမားများတက်ရောက်ခဲ့ကြပြီး၊ (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်၊ စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသည့်(ထက်၊ လယ်၊ မူ) အဆင့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးဇော်သိန်းနှင့် တာဝန်ရှိသူတို့က ဆုများချီးမြှင့်ပေးကြသည်။

ထိုနောက်(၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့၊ အထိမ်းအမှတ်အဖြစ် မြို့နယ်အားကစား နှင့်ကာယပညာဦးစီးဌာနက ကြီးမှူးကျင်းပသော  အမျိုးသားအလွတ်တန်း ဖိတ်ခေါ် ဖူဆယ် ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသော ဗျာလ် ဘောလုံးအသင်းအား ဆုဖလားနှင့်ဆုကြေးငွေ ကျပ် ၂ သိန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်သိန်းက လည်းကောင်း၊ ဒုတိယဆုရရှိသော Never Again ဘောလုံး အသင်းအား ဆုဖလားနှင့် ဆုကြေးငွေကျပ် ၁ သိန်း ၅ သောင်းကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညွန့်ဝင်း ကလည်းကောင်း၊ ပွဲစဉ်တစ်လျောက် အကောင်းဆုံးကစားသမားဆု ရရှိသော မောင်ဇော်ဇော်မောင်အား မြို့နယ်လဝကဦးစီးမှူး ဦးဝင်းမြင့်ကလည်းကောင်း၊ ပွဲစဉ်တစ်လျောက် အကောင်းဆုံး ဂိုးသမားဆု ရရှိသော မောင်ထွီး အား မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်စိုး တို့က အသီးသီးချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

 နီထွန်းအောင်(ပြန်/ဆက်)