မောင်တော ဒီဇင်ဘာ ၁၅
မောင်တောခရိုင်၊ မောင်တောမြို့၌ (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာဖတ်ပွဲကို ယနေ့ နံနက် ၇ နာရီ အချိန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာ အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးက ဖတ်ကြားခဲ့ပြီး (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်၊ အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးတွင် ဆုရရှိခဲ့သော ကျောင်းသား/သူများအား ခရိုင် /မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများကဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ စုစုပေါင်းအင်အား ၁၀၀ ခန့် တက်ရောက ခဲ့ကြကြောင်း သိရသည်။
ထို့နောက် (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သည့် အားကစားပွဲများ ဖြစ်သော ချောတိုင်တက်ပွဲ၊ ပိုက်ကျော်ခြင်း၊ လှံဆွဲပွဲစသည့် အားကစား ပြိုင်ပွဲ(၅)မျိုးအား မြို့မအားကစား ကွင်းအတွင်း ကျင်းပပြုလုပ်လျက်ရှိပြီး အနိုင်ရရှိသည့် အဖွဲ့များကိုလည်း ဆုများ အသီးသီးချီးမြှင့်ပေးမည် ဖြစ်ကြောင်းသိရသည်။
သက်လွင်စိုး