မြိုင်မြို့တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ပြုလုပ်

မြိုင်      ဒီဇင်ဘာ           ၁၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၉  နာရီ ၃၀ အချိန်က မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင်ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသိန်းဇော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးအရာ အရှိ ဦးကျော်မင်းထွန်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေလွှဲပြောင်းပေး အပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် အဆိုပါရန်ပုံငွေမှာ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများဖြစ်သောလမ်း၊ ရေ၊ မီး၊ စာသင်ကျောင်းစသည့် ဦးစားပေး စီမံချက် လုပ်ငန်းများအတွက် လွှဲပြောင်းပေးအပ်ခြင်းဖြစ်ကြောင်း၊ ၎င်းလုပ်ငန်းများအတွက် မိမိတို့ဌာနမှ  နည်းပညာများအား ပံပိုးကူညီသွားမည်ဖြစ်ကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် မြိုင်မြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့် ကမ္ဘနီ၊ မုံညင်း(မြောက်)၊ ဂွေးပင်၊ ကျောင်းကုန်း၊ ကန်ကြီး တော၊ မကျီးကုန်း ကျေးရွာများမှ ကျေးရွာ(VDP)ကော်မတီများထံသို့ တာဝန်ရှိသူများက ရန်ပုံငွေ သိန်း(၁၀၀) အား လွှဲပြောင်းပေးအပ်ခဲ့ပြီးအဆိုပါအခမ်းအနားသို့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာ၊ မြိူ့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြိုနယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်ကျေးရွာ(VDP)ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

သူရ(ပုံ‌တောင်)