ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စု ဘောဘောခီးကျေးရွာအဝင်လမ်းပေါ် ကွန်ကရစ်တံတား တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်

ရှမ်းရွာသစ် ဒီဇင်ဘာ ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုရှိ ဘောဘောခီးကျေးရွာအဝင် လမ်းပေါ် တွင် ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေဖြင့် သံကူကွန်ကရစ်တံတားတည်ဆောက်ခြင်း လုပ်ငန်းကို ဒီဇင်ဘာလ ပထမပတ်မှ စ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ပြည်မ နှင့် ပြည်နယ်များအကြား ဟန်ချက်ညီညီတစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ဒေသများရှိ တိုင်းရင်းသား ပြည်သူများ၏ အခြေခံလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးကို ရည်ရွယ်ပြီး ဦးစားပေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေကျပ် (၅၂.၀၃၇) သန်းဖြင့် အရှည်(၃၀)ပေ၊ အကျယ် (၁၄)ပေရှိသော ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို စိုးပါဝါနိုင် ကုမ္ပဏီမှ သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ ပြည့်မီရေးအတွက် အနီးကပ်ကြီးကြပ်၍ တာဝန်ယူဆောက် လုပ်လျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းပြီးစီးပါက အစွန်အဖျားရှိ ကျေးရွာနေပြည်သူများအတွက် ယခင်က ထက် လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မည်ဖြစ်ပြီး စီးပွားရေး၊ လူမှုရေးနှင့်ပညာရေးကဏ္ဍများတွင် အဘက်ဘက်မှ တိုးတက်လာမည်ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။

ရှမ်းရွာသစ် (ပြန်/ဆက်)