စုကလိ ဒီဇင်ဘာ ၁၆
နွေရာသီရောက်ရှိလာပြီးဖြစ်သဖြင့် မီးဘေးအန္တရာယ် အသိပေးနှိုးဆော်ချက်များအား စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ စုကလိမြို့ မီးသတ်ဦးစီးဌာနမှ သန္တေမီးသတ်တပ်ဖွဲ့ဝင် တပ်ကြပ်ကျော်သူမိုးမှ ဦးဆောင်၍ မီးဘေးလုံခြုံရေးနှင့် အသိပညာပေးဆွေးနွေးနှိုးဆော်ချက်များအား ယနေ့နံနက် ၉ နာရီအချိန်က စုကလိမြို့ ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ယာများ၊ ပြည်သူ့စာကြည့် တိုက်တွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် ရုံးဌာနများတွင် အရေးပေါ်မီးဘေးအန္တရာယ် ကျရောက်လာပါက မီးသတ် ဆေးဘူးအား စနစ်တကျ သုံးစွဲတက်စေရန်၊ မီးချိတ်မီးကပ်များ၊ အဆင်သင့်ပြင်ထား နိုင်ကြစေရန်၊ ဝန်ထမ်းများ အနေဖြင့် မီးကြွင်းမီးကျန်များအား မပေါ့ဆစေရန်နှင့် ပြည်သူ့စာကြည့်တိုက် တွင် အရေးပေါ်မီးဘေးမှ ကင်းဝေးစေ ရန် အချက်အလက်များအား အသိပညာပေး ဆောင်ရွက်ခဲ့ ကြောင်းသိရှိရသည်။
ပိုပိုအောင်