ဆင်ပေါင်ဝဲမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဆင်ပေါင်ဝဲ-ကြာအင်း-အင်းကြား- ကျောက်ချက်-မကြီးကန်-ဒဂုံမှော် လမ်းပေါ်ရှိ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆လဘတ်ဂျက်) အတွင်း ကျေးလက်လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ၁၀ Box Culvert တည်ဆောက်နေမှုအား ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးသည် ကျေးလက် လမ်းဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးပန်သုမောင်နှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး သတ်မှတ်အရည် အသွေးများနှင့် ပြည့်မီစွာ ဆောင်ရွက်နိုင်ရေး မှာကြားခဲ့သည်။

ဆက်လက်ပြီး အဆိုပါအဖွဲ့သည် ဆင်ပေါင်ဝဲ-ကြာအင်း-အင်းကြား-ကျောက်ချက်-အလယ်ကန်-မကြီးကန်-ဒဂုံမှော် လမ်းပေါ်ရှိ အလယ်ကန်ကျေးရွာအနီး တည်ဆောက် ထားသော ၈၀ ဘေလီတံတား ချဉ်းကပ်လမ်းအကျယ် ဖောက်လုပ်နိုင်ရန်အတွက် ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေး၍ လမ်းနယ်ရရှိနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နိုင်လင်း(မြို့နယ်ပြန်/ဆက်)