ကျောက်ဆည် ဒီဇင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့ပြနှင့် ကျေးလက် ကွာဟမှုမရှိစေရေးနှင့် ကျေးလက်နေပြည်သူများ လူမှုဘဝ အဆင့်မြင့်မားစေရေန် အတွက် ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ခုနှစ်၊ ခြောက်လ ဘဏ္ဍာနှစ်၌ သင်တောင်း ကျေးရွာတွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ (၁၆.၇၀၂) ကျပ်သန်းဖြင့် သောက်သုံးရေ ပေးဝေရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရ သည်။
အဆိုပါ ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ချိန်အတွင်းပြီးစီးရေးနှင့် လုပ်ငန်းများ အရည် အသွေး ပြည့်မီစေရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွန်ကြားရေး မှူး ဒေါ်သင်းသင်းအေးနှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်မှုဖြင့် (PVC)ပိုက်ဖြင့် အကျယ် (၂) ပေ၊ အနက်(၃၀၀)ပေရှိ အဝီစိအစမ်းတွင်း(၁)တွင်း၊ အကျယ်(၄)ပေ၊ အနက် (၃၀၀) ပေရှိ အဝီစိစက်ရေတွင်း တစ်တွင်း၊ အလျား (၅)ပေ၊ အနံ(၅)ပေ၊ အမြင့်(၇)ပေရှိ ရေစက်ရုံ(၁) ရုံနှင့် ရေဂါလံ (၂၄၀၀) ဆံ စင်မြင့်ရေကန်(၁)ကန်တို့အား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
လုပ်ငန်းများ ပြီးစီးသွားပါက သင်တောင်းကျေးရွာမှ အိမ်ခြေ(၂၉၃)အိမ်၊ လူဦးရေ(၁၈၀၄)ဦးအတွက် သောက်သုံး ရေဖူလုံစွာ သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရှိရကာ ရှားပင်ကျေးရွာနှင့်ကြောင်ကျေးရွာများ တွင်လည်း မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေရရှိရေးလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)