ကော့ကရိတ် ဒီဇင်ဘာ ၁၆
ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခြင်းမှ ကာကွယ်နိုင်ရေး အတွက် ရည်ရွယ်၍ မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဈေးသူ/သားများ ပူးပေါင်း၍ မီးငြိမ်း သတ်မှု ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့ညနေ ၂ နာရီအချိန်က အမှတ် (၃)ရပ်ကွက်၊ မြို့မဈေးကြီးရှေ့တွင် ပြုလုပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ သရုပ်ပြလေ့ကျင့်မှုများကို မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ရဲမင်းဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ က မီးသတ်ယာဉ် (၄) စီးဖြင့် မီးငြိမ်းသတ်ခြင်းကို သရုပ်ပြကာ Gasအိုး မီးငြိမ်းသတ်ပုံများ၊ ဆီလောင်ကျွမ်းမှု များတွင် မီးသတ်ဆေးဘူးဖြင့် ငြိမ်းသတ်နည်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဈေးသူ/ သားများက ပူးပေါင်း လုပ်ဆောင် လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ မီးငြိမ်းသတ်မှု သရုပ်ပြလေ့ကျင့်ရာသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦး၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဈေးသူ/သားများက လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရ သည်။
စောအောင်မျိုးလွင် (ပြန်/ဆက်)