ဆိပ်ဖြူမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ လက်ဝယ်အရောက် ပေးအပ်

ဆိပ်ဖြူ    ဒီဇင်ဘာ   ၁၆

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ တဲကြီးကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ လက်ဝယ်အရောက် ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျေးရွာရှိစာသင်ကျောင်း အစည်းအဝေး ခန်းမတွင် ပြုလုပ်သည်။

အဆိုပါအခမ်းအနားသို့ ပခုက္ကူခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်မှဌာနဆိုင်ရာ အကြီးအကဲများ၊ ဆိပ်ဖြူမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မှ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက် ကြသည်။

အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးထိန်လင်းသိန်းက ပန်းခင်းစီမံချက် အကြောင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားကိုင်ဆောင်ထားပြီး သွားလာနေထိုင်ခြင်းများနှင့် အရေးပါရှိပုံ အကြောင်းအား ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် တဲကြီးကျေးရွာရှိ ပြည်သူများအား အခမ်းအနားသို့ တက်ရောက်လာကြသည့် ပခုက္ကူခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်မှဌာနဆိုင်ရာ အကြီးအကဲများ၊ ဆိပ်ဖြူမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မှ ဌာနဆိုင်ရာ အကြီးအကဲများတို့က လက်ဝယ်အရောက် အသီးသီး ပေးအပ်ကြကြောင်းနှင့် ဆိပ်ဖြူ မြို့နယ်တွင် ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေး ကတ်ပြား ကိုင်ဆောင်နိုင်ရေးအတွက် လူဦးရေစုစုပေါင်း (၁၇၀၁)ဦး ဆောင်ရွက်ပေးရန်ရှိပြီး ယနေ့အချိန်ထိ လူဦးရေ (၁၅၂၈)ဦး နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးပြီးကြောင်း မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ကိုမျိုး (ယောဧရာ)