သတင်းများ

သီပေါမြို့နယ်တွင် ဆီမုန်လာစမ်းသပ်ကွက် သရုပ်ပြပွဲ ပြုလုပ်ဆောင်ရွက်
Dec 17,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးထားသော  ဆီမုန်လာ(မုံလာဥဖြူ) စမ်းသပ်စိုက်ကွက် သရုပ်ပြခြင်းကို ပန်စောက်မိန်းကျေးရွာ သီပေါဥယျာဉ်ခြံမြေတွင်  ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရမ်းမြို့နယ် ကြက်ခြေနီအသင်းမှ ထိခိုက်ဒဏ်ရာ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းများအား ကျေးရွာများသို့ ကွင်းဆင်းဖွင့်လှစ်
Dec 17,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ကြက်ခြေနီအသင်းမှ ကြီးမှူး၍ ကျေးလက်နေ ပြည်သူများအား သဘာဝဘေးအန္တရာယ်နှင့် မတော်တဆ ထိခိုက်ဒဏ်ရာ ရရှိပါက ကျန်းမာရေးဆိုင်ရာ အခက်အခဲများနှင့် တွေ့ကြုံရပါက ကူညီကယ်ဆယ်နိုင်ရေးအတွက် ထိခိုက်ဒဏ်ရာရှေးဦး ပြုစုခြင်း (အခြေခံ) သင်တန်းများကို ခရမ်းမြို့နယ် ဒေါပုံစု ကျေးရွာတွင် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဒီဇင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်နေ့က ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း မြို့နယ်ကြက်ခြေနီ အသင်းမှ သိရှိရသည်။
မြစ်သားမြို့နယ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တွင်ဆောင်ရွက်ချက်မှတ်တမ်းဓါတ်ပုံများ မြေစိုက်နံရံကပ်ကပ်ဘုတ်တွင်ပြသ
Dec 17,2021
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် ရှေ့ရှိမြေစိုက်နံရံကပ်ပြဘုတ်တွင် ပြည်သူများသိရှိစေရန် အသိပညာပေး နံရံကပ်စာစောင်များ လစဉ်အသစ်လဲလှည် ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉) နာရီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်းဓါတ်ပုံများကို ပြသဆောင်ရွက်ခဲ့သည်။
ဖျာပုံမြို့ Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Dec 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့်ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီအချိန်က ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ် ဆောင်ရွက် သည်။
တံတားမြို့၌ ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားကွင်းဆင်းဆောင်ရွက်
Dec 17,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးအတွက် ယမန်နေ့နံနက်(၉)နာရီက တံတားမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးတွင်ဆောင်ရွက်ပေးခဲ့သည်။
သံတောင်မြို့ ပြည်သူ့စာကြည့်တိုက် Community   Centre  တွင် မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာအသိပညာပေး Talk   Show  ဆောင်ရွက်
Dec 17,2021
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ်တွင် မသန်စွမ်းသူများ၏အခွင့်အရေး များကို ပြည်သူများသိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ အွန်လိုင်းမှတဆင့် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိ ပညာပေး Talk   Show ကို ယနေ့နံနက် (၁၀)နာရီအချိန်က သံတောင်မြို့ ပြည်သူ့စာကြည့်တိုက် Community   Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
သနပ်ပင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်
Dec 17,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးအနေဖြင့် ယနေ့ နံနက်ပိုင်းက လူစည်ကားရာ နေရာများဖြစ်သော မြို့အဝင်/အထွက်၊ ရပ်ကွက်များ၊ လမ်းဆုံလမ်းခွများ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာပေး နှိုးဆော်ခဲ့ကြသည်။