တပ်ကုန်း ဒီဇင်ဘာ ၁၆
နေပြည်တော် တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်မှ စာပေချစ်မြတ်နိုးပြည်သူများ စာပေဗဟုသုတများရရှိစေရန် Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ်ရိုက်ကူး၍ တပ်ကုန်းမြို့နယ် ပြည်သူ့ စာကြည့်တိုက် Facebook Page တွင် ထုတ်လွှင့်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အတွဲ(၅၃)၊အမှတ်၂၆ ၊ရွှေသွေးဂျာနယ်တွင် စာရေးဆရာ မေသူစိုး ရေးသားထားသည့် “နက္ခဗေဒ ဆရာ” ပုံပြင်ကို ရိုက်ကူး ထုတ်လွှင့်တင်ဆက်ခဲ့သည်။
အဆိုပါပုံပြင်ကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်နွယ်နွယ်ဦး (ရုပ်သံကျွမ်းကျင်-၃)က ပြောပြခဲ့သည်။ တပ်ကုန်းမြို့နယ်ရုံး အနေဖြင့် ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် စာပေဗဟုသုတ ရရှိစေရန် ရည်ရွယ်ကာ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက Online မှ တစ်ဆင့် သုတ၊ ရသစာအုပ်မိတ်ဆက်ခြင်း၊ ပုံပြောခြင်း၊ Talk Show အစီအစဉ်များ တင်ဆက်ပေးခြင်းနှင့် ပြိုင်ပွဲ၊ ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင်စိုးလွင်