သန်လျင်မြို့နယ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ရန်ကုန် ဒီဇင်ဘာ ၁၆

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁- ၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် သန်လျင်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ မြေသားလမ်းမှ ကွန်ကရစ် လမ်းခင်းမည့် လုပ်ငန်း စတင်ဆောင်ရွက်နေမှုအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် သန်လျင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းချိုနှင့် အင်ဂျင်နီယာအဖွဲ့က သန်လျင်မြို့နယ်အတွင်း ကျေးရွာဖွံဖြိုးရေး စီမံကိန်း (VDP) အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လက်ယက်စမ်း​​ကျေးရွာအုပ်စု၊ ပျဥ်ထောင် ကျောင်းကျေးရွာနှင့် အလယ်ရွာကျေးရွာတို့တွင် မြေသားလမ်းမှ ကွန်ကရစ်လမ်းခင်းမည့်လုပ်ငန်း စတင်ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးကာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ စံချိန်စံညွှန်းများအတိုင်း ဆောင်ရွက်ရေးနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများ ပြီးစီးရေးတို့အား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁- ၂၀၂၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွင်း ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြစိမ်းရောင်ကျေးရွာ ဖွံ့ဖြိုးတိုးရေးစီမံကိန်းနှင့် ကျေးရွာဖွံဖြိုးရေးစီမံကိန်း (VDP) အကောင်အထည်ဖော် လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်