သတင်းများ

မာန်အောင်မြို့နယ်တွင် လစ်လပ်လျက်ရှိသော သံဃသမ္မုတိရသံဃာ့ ကိုယ်စားလှယ် ဆရာတော်(၁)ပါး အစားထိုး ရွေးချယ်
Dec 30,2021
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် လစ်လပ်လျက်ရှိသော သံဃသမ္မုတိရသံဃာ့ ကိုယ်စားလှယ် ဆရာတော်(၁)ပါး အစားထိုးရွေးချယ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့မကျောင်းကြီး၌ ကျင်းပခဲ့သည်။
 ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရန်အတွက် ကာကွယ်ဆေးများထိုးနှံရေး အသိပေးနှိုးဆော်
Dec 30,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါများ လျော့ကျစေရန်နှင့်   နောက်ထပ်ကူးစက်ဖြစ်ပွားလာသည့် အိုမီခရွန် ဗီဇပြောင်းမျိုးကွဲသစ်ရောဂါအား ကြိုတင်ကာကွယ်နိုင်ရန် မင်းပူးဦးဩဘာသခန်းမနှင့် စကုမြို့ကန်ဦး သဘာဝတရားရိပ်သာတို့တွင် ကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း ဒီဇင်ဘာလ ၂၉ ရက် ညနေ ၃ နာရီအချိန်က လှည့်လည်နှိုးဆော်ခဲ့ကြသည်။
တာချီလိတ်မြို့တွင် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ဆေး ပြည်သူများအား ဆက်လက်ထိုးနှံ
Dec 30,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ပြည်သူများအား ကိုဗစ် − ၁၉ ရောဂါ ကာကွယ် ဆေးကို ယနေ့နံနက် ၉ နာရီမှစတင်၍ သတ်မှတ်နေရာများတွင် ထိုးနှံပေးလျက်ရှိသည်။
ရသေ့တောင်မြို့၌ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအတွက် ပါဝင်လှူဒါန်းခဲ့ကြသည့် အလှူရှင်များသို့ ဂုဏ်ပြုလွှာများပေးအပ်
Dec 30,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှအလှူငွေများ ထည့်ဝင်လှူဒါန်းပေးခဲ့ကြသည့် အလှူရှင်များသို့ ဂုဏ်ပြုလွှာများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
မရမ်းကုန်းမြို့နယ်၌ ကမ္ဘာ့​​ဆေးလိပ်မ​​သောက်ရ​နေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ၊ ကာတွန်း ပြိုင်ပွဲ၊ ကျပန်းစကား​ပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Dec 30,2021
ကျောင်းသားလူငယ်များ ​ဆေးလိပ်​ဆေးရွက်ကြီး​သောက်သုံးမှုမှ ထိန်းချုပ်ကာကွယ် နိုင်ရန် အတွက် ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၁)အ​ခြေခံပညာ အထက် တန်း​ကျောင်း၌ ယမန်​နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်ပြန်ကြား​ရေးနှင့် ပြည်သူ့ ဆက်ဆံ​ရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာ​ရေး​ ဖောင်​ဒေးရှင်းတို့ ပူး​ပေါင်းကာ ကမ္ဘာ့​ဆေးလိပ်မ​သောက်ရ​နေ့ အထိမ်းအမှတ်ပန်းချီပြိုင်ပွဲ၊ ကာတွန်းပြိုင်ပွဲ၊ ကျပန်းစကား​ပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ချောင်းဆုံမြို့ ကလေးစာဖတ်ခန်းတွင် ပုံပြော၊ စကားပုံဆက်၊ အရုပ်ဆက်၊ ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပ
Dec 30,2021
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ကလေးစာဖတ်ခန်းတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကလေးများအား ပုံပြော၊ စကားပုံဆက်၊ အရုပ်ဆက်၊ ဆေးရောင်ခြယ် ပြိုင်ပွဲကိုကျင်းပသည်။
အလုံမြို့နယ် အမှတ်(၄) အ​ခြေခံပညာအထက်တန်း​ကျောင်း၌ (၇၄) နှစ်​မြောက် လွတ်လပ်​ရေး​နေ့ အကြိုအထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကား​ပြော ပြိုင်ပွဲကျင်းပ
Dec 30,2021
​ကျောင်းသား၊ ​ကျောင်းသူများ လွတ်လပ်​ရေးဆိုင်ရာ ဗဟုသုတများကို သိရှိနားလည်​စေရန်၊ ဉာဏ်ပညာစွမ်းရည်၊ အနုပညာစွမ်းရည်များ တိုးတက်လာ​စေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ​​ကျောင်းသား၊ ​ကျောင်းသူများဖြစ်လာ​စေရန်အတွက် ရည်ရွယ်ကာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်​နေ့တွင် ကျ​ရောက်မည့် (၇၄) နှစ်​မြောက် လွတ်လပ်​ရေး​နေ့အကြို အထိမ်းအမှတ်ကျောင်းတွင်း အထက်တန်းအဆင့် ကျပန်းစကား​ပြောပြိုင်ပွဲကို ယမန်​နေ့ နံနက်(၉)နာရီအချိန်က ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အမှတ် (၄) အခြေခံပညာ အထက်တန်း​ကျောင်း၌ ကျင်ပပြုလုပ်ခဲ့​ကြောင်း သိရသည်။
ပန်းတနော်မြို့နယ်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေ
Dec 30,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်​ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ပြည်သူများ၊ ကျောင်းသား/ သူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီတွင် မြို့မစျေးနှင့် အ.ထ.က( ၁) အခြေခံပညာအထက်တန်းကျောင်း၌ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။