သတင်းများ

ကျောက်တံတားမြို့နယ်တွင် အသက်(၁၈)နှစ်အထက်နှင့် (၄၀)နှစ်အထိ ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 30,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးစားပေးဦးတည်အုပ်စုအလိုက် စနစ်တကျထိုးနှံပေးလျက်ရှိရာ ယနေ့တွင်အသက်(၁၈)နှစ်အထက်နှင့် (၄၀)နှစ်အထိရှိသူများအား ကာကွယ်ဆေး ထိုးစုရပ်ဖြစ်သည့် အမှတ်(၃) ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ၃၅ လမ်းထိပ် (ယခင်ထွေ/အုပ်ရုံးဟောင်းရှေ့) တွင် နံနက် (၁ဝ) နာရီအချိန်မှ မွန်းလဲ(၁) နာရီအချိန်ထိ Sinopharm (5 Dose) Second Dose ကို ထိုးနှံသူ (၂၅၀)ဦးနှင့် (Phase 5)Sinovac (2 Dose) First Doseကိုထိုးနှံသူ (၁၀၈) ဦး စုစုပေါင်း(၃၅၈)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မာန်အောင်မြို့နယ်တွင် လစ်လပ်လျက်ရှိသော သံဃသမ္မုတိရသံဃာ့ ကိုယ်စားလှယ် ဆရာတော်(၁)ပါး အစားထိုး ရွေးချယ်
Dec 30,2021
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် လစ်လပ်လျက်ရှိသော သံဃသမ္မုတိရသံဃာ့ ကိုယ်စားလှယ် ဆရာတော်(၁)ပါး အစားထိုးရွေးချယ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့မကျောင်းကြီး၌ ကျင်းပခဲ့သည်။
 ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရန်အတွက် ကာကွယ်ဆေးများထိုးနှံရေး အသိပေးနှိုးဆော်
Dec 30,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါများ လျော့ကျစေရန်နှင့်   နောက်ထပ်ကူးစက်ဖြစ်ပွားလာသည့် အိုမီခရွန် ဗီဇပြောင်းမျိုးကွဲသစ်ရောဂါအား ကြိုတင်ကာကွယ်နိုင်ရန် မင်းပူးဦးဩဘာသခန်းမနှင့် စကုမြို့ကန်ဦး သဘာဝတရားရိပ်သာတို့တွင် ကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း ဒီဇင်ဘာလ ၂၉ ရက် ညနေ ၃ နာရီအချိန်က လှည့်လည်နှိုးဆော်ခဲ့ကြသည်။
တာချီလိတ်မြို့တွင် ကိုဗစ် − ၁၉ ရောဂါ ကာကွယ်ဆေး ပြည်သူများအား ဆက်လက်ထိုးနှံ
Dec 30,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ပြည်သူများအား ကိုဗစ် − ၁၉ ရောဂါ ကာကွယ် ဆေးကို ယနေ့နံနက် ၉ နာရီမှစတင်၍ သတ်မှတ်နေရာများတွင် ထိုးနှံပေးလျက်ရှိသည်။
ရသေ့တောင်မြို့၌ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအတွက် ပါဝင်လှူဒါန်းခဲ့ကြသည့် အလှူရှင်များသို့ ဂုဏ်ပြုလွှာများပေးအပ်
Dec 30,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှအလှူငွေများ ထည့်ဝင်လှူဒါန်းပေးခဲ့ကြသည့် အလှူရှင်များသို့ ဂုဏ်ပြုလွှာများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
မရမ်းကုန်းမြို့နယ်၌ ကမ္ဘာ့​​ဆေးလိပ်မ​​သောက်ရ​နေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ၊ ကာတွန်း ပြိုင်ပွဲ၊ ကျပန်းစကား​ပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Dec 30,2021
ကျောင်းသားလူငယ်များ ​ဆေးလိပ်​ဆေးရွက်ကြီး​သောက်သုံးမှုမှ ထိန်းချုပ်ကာကွယ် နိုင်ရန် အတွက် ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၁)အ​ခြေခံပညာ အထက် တန်း​ကျောင်း၌ ယမန်​နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်ပြန်ကြား​ရေးနှင့် ပြည်သူ့ ဆက်ဆံ​ရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာ​ရေး​ ဖောင်​ဒေးရှင်းတို့ ပူး​ပေါင်းကာ ကမ္ဘာ့​ဆေးလိပ်မ​သောက်ရ​နေ့ အထိမ်းအမှတ်ပန်းချီပြိုင်ပွဲ၊ ကာတွန်းပြိုင်ပွဲ၊ ကျပန်းစကား​ပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ချောင်းဆုံမြို့ ကလေးစာဖတ်ခန်းတွင် ပုံပြော၊ စကားပုံဆက်၊ အရုပ်ဆက်၊ ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပ
Dec 30,2021
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ကလေးစာဖတ်ခန်းတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကလေးများအား ပုံပြော၊ စကားပုံဆက်၊ အရုပ်ဆက်၊ ဆေးရောင်ခြယ် ပြိုင်ပွဲကိုကျင်းပသည်။
အလုံမြို့နယ် အမှတ်(၄) အ​ခြေခံပညာအထက်တန်း​ကျောင်း၌ (၇၄) နှစ်​မြောက် လွတ်လပ်​ရေး​နေ့ အကြိုအထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကား​ပြော ပြိုင်ပွဲကျင်းပ
Dec 30,2021
​ကျောင်းသား၊ ​ကျောင်းသူများ လွတ်လပ်​ရေးဆိုင်ရာ ဗဟုသုတများကို သိရှိနားလည်​စေရန်၊ ဉာဏ်ပညာစွမ်းရည်၊ အနုပညာစွမ်းရည်များ တိုးတက်လာ​စေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ​​ကျောင်းသား၊ ​ကျောင်းသူများဖြစ်လာ​စေရန်အတွက် ရည်ရွယ်ကာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်​နေ့တွင် ကျ​ရောက်မည့် (၇၄) နှစ်​မြောက် လွတ်လပ်​ရေး​နေ့အကြို အထိမ်းအမှတ်ကျောင်းတွင်း အထက်တန်းအဆင့် ကျပန်းစကား​ပြောပြိုင်ပွဲကို ယမန်​နေ့ နံနက်(၉)နာရီအချိန်က ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အမှတ် (၄) အခြေခံပညာ အထက်တန်း​ကျောင်း၌ ကျင်ပပြုလုပ်ခဲ့​ကြောင်း သိရသည်။