ပန်းတနော်မြို့နယ်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေ

ပန်းတနော် ဒီဇင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ပြည်သူများ၊ ကျောင်းသား/ သူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် နာရီတွင် မြို့မစျေးနှင့် ..က( ) အခြေခံပညာအထက်တန်းကျောင်း၌ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်()ရပ်၊ မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ အမျိုးသားညီညွတ်ရေးဆိုသည်မှာ၊ လွတ်လပ်ရေးကို ကာကွယ်ရမယ်၊ ပြည်သူတွေရဲ့ အင်အားသည်သာအဓိက (နိုင်ငံခေါင်းဆောင်ကြီးများ၏ မိန့်ခွန်း ကောက်နုတ်ချက်များ) စာရေးဆရာဖိုလေးလုံးသောင်းကိုကို ရေးသားသော တို့များ ဆင်မြန်းလွတ်လပ်ပန်း(ကဗျာ) ကမ္ဘာတည်သရွေ့ မြန်မာ့လွတ်လပ်ရေး တည်တံ့ခိုင်မြဲရေးအတွက် မျိုးချစ်စိတ်ထက်သန်သည့် မိမိတို့တိုင်းရင်းသား အားလုံးက ပြည်ထောင်စု စိတ်ဓါတ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု စိတ်ဓါတ်တို့ဖြင့် ထိန်းသိမ်း စောင့်ရှောက်ကြရန် လိုအပ်ကြောင်းနှင့် လွတ်လပ်ရေးနေ့ အသိပညာပေးရုပ်ပြများ ပါဝင်ကြောင်း သိရသည်။

 

မြို့နယ်