ချောင်းဆုံ ဒီဇင်ဘာ ၃၀
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ကလေးစာဖတ်ခန်းတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ကလေးများအား ပုံပြော၊ စကားပုံဆက်၊ အရုပ်ဆက်၊ ဆေးရောင်ခြယ် ပြိုင်ပွဲကိုကျင်းပသည်။
ပြိုင်ပွဲတွင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး)ဒေါ်တင်ဇာစိုးက ကလေးများအားပုံပြင် ပြောပြပေးပြီး ပုံပြင်ပါအကြောင်းအရာ များကို မှတ်မိသမျှ ပြန်လည်ပြောပြခြင်း အစီအစဉ်များနှင့် ဆေးရောင်ခြယ် ပြိုင်ပွဲများ ပြုလုပ်ပေးခဲ့ကြောင်း၊ ပုံပြင် စကားပုံဆက်၊ အရုပ်ဆက်နှင့် ဆေးရောင်ခြယ် ပြိုင်ပွဲကျင်းပပေးပြီး ကလေးများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။
ချောင်းဆုံ(ပြန်/ဆက်)