အလုံမြို့နယ် အမှတ်(၄) အ​ခြေခံပညာအထက်တန်း​ကျောင်း၌ (၇၄) နှစ်​မြောက် လွတ်လပ်​ရေး​နေ့ အကြိုအထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်းစကား​ပြော ပြိုင်ပွဲကျင်းပ

အလုံ ဒီဇင်ဘာ ၃၀

ကျောင်းသား၊ကျောင်းသူများ လွတ်လပ်​ရေးဆိုင်ရာ ဗဟုသုတများကို သိရှိနားလည်​စေရန်၊ ဉာဏ်ပညာစွမ်းရည်၊ အနုပညာစွမ်းရည်များ တိုးတက်လာ​စေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ​ကျောင်းသား၊ကျောင်းသူများဖြစ်လာ​စေရန်အတွက် ရည်ရွယ်ကာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ () ရက်​နေ့တွင် ကျ​ရောက်မည့် (၇၄) နှစ်​မြောက် လွတ်လပ်​ရေး​နေ့အကြို အထိမ်းအမှတ်ကျောင်းတွင်း အထက်တန်းအဆင့် ကျပန်းစကား​ပြောပြိုင်ပွဲကို ယမန်​နေ့ နံနက်()နာရီအချိန်က ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အမှတ် () အခြေခံပညာ အထက်တန်း​ကျောင်း၌ ကျင်ပပြုလုပ်ခဲ့​ကြောင်း သိရသည်။

ပြိုင်ပွဲကျင်းပရာတွင် လွတ်လပ်​ရေးနှင့် လူငယ်တို့၏ တာဝန်ဝတ္တရား​ခေါင်းစဉ်ဖြင့်  အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ()ဦးဝင်​ရောက်ယှဉ်ပြိုင်ခဲ့ရာ ပထမဆုကို  ဒသမတန်း​ကျောင်းသူ မသန့်သီရိထက်မှ လည်း​ကောင်း၊ ဒုတိယဆုကို နဝမတန်း​ကျောင်းသူ မဇွန်ပွင့်ဖြူမှ လည်း​ကောင်း၊ တတိယဆုကို နဝမတန်း​ကျောင်းသားမောင်ဖြိုးဝင်း​အောင်း တို့မှ အသီးသီးရရှိခဲ့ပြီး အဆိုပါဆုရရှိသူများကို ဆု​ပေးပွဲ​ဆောင်ရွက်သွားမည်ဖြစ်​ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်